Control system for Drip Irrigation
[Unicode]
Hydro Plant မှ
🌿🍄စိုက်ပျိုးရေးလုပ်ငန်းရှင်များ
🌾🌶ရာသီသီးနှံစိုက်ခင်းများ
🌹🌻ပန်းခြံစိုက်ပျိုးသူများ
💐🌸Roof top အလှပန်းခြံစိုက်ပျိုးသူများ
အတွက်အချိန်ကုန်သက်သာ၊အလုပ်သမားအင်အားသက်သာစေတဲ့ ရေအစက်ချစိုက်ပျိုးနည်းတွင်သုံးသောထိန်းချုပ်စက်အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။📣📣
အရင်ကဆိုရင်စိုက်ပျိုးရေးသမားတွေက အပင်ကိုရေလိုအပ်လား၊မလိုအပ်လားမသိဘဲရေဖျန်းခြင်းကြောင့်ရေအလဟဿဖြစ်တာတွေ၊ မလိုအပ်ဘဲရေလောင်းခြင်းကြောင့် ပင်စည်တွေရိတာတွေဖြစ်တတ်ကြပါတယ်။ 😢😢
ခရီးသွားတဲ့အခါမျိုးမှာအပင်တွေကိုရေလောင်းမဲ့သူမရှိတာကြောင့်စိတ်ဖြောင့်ဖြောင့်မသွားနိုင်တာတွေ၊ရေဖျန်းပေးဖို့အလုပ်သမားငှားရတဲ့ဒုက္ခတွေရှိခဲ့ပါတယ်။😩😩
အခုတော့ဒီလိုဒုက္ခတွေအတွက်စိုးရိမ်စရာမလိုတော့ပါဘူး။ 🤩Hydro Plant မှ💧💧ရေအစက်ချစိုက်ပျိုးနည်းတွင်သုံးသောထိန်းချုပ်စက်ကိုသုံးပေးခြင်းဖြင့်ဒီဒုက္ခတွေကိုဖြေရှင်းနိုင်ပါတယ်။✅
ဒီစက်လေးရဲ့လုပ်ဆောင်ချက်တွေကတော့
✔️မြေကြီး၏အပူချိန်ကိုတိုင်းတာပေးသောကိရိယာပါဝင်သောကြောင့် လိုအပ်သောအချက်အလက်များကိုသိရှိနိုင်ခြင်း
✔️သတ်မှတ်ထားသောစိုထိုင်းစနှင့်အပူချိန်လျော့သွားပါကအလိုအလျှောက်ရေအစက်ချပေးခြင်း
✔️ရေအစားအာဟာရရေကိုပါပြောင်းလဲအသုံးပြု၍ထိန်းချုပ်နိုင်ခြင်း
✔️အချက်အလက်များကိုဖုန်းဖြင့်ချိတ်ဆက်ကြည့်ရှု၍ထိန်းချုပ်နိုင်ခြင်း
✔️လစဉ်ဒေတာများထုတ်နိုင် ခြင်း စတဲ့အချက်တွေကိုလုပ်ဆောင်ပေးပါတယ်။
ဒီထိန်းချုပ်စက်ကိုသုံးစွဲခြင်းဖြင့်
☑️ အချိန်ကုန်သက်သာခြင်း
☑️ လူအင်အားသက်သာခြင်း
☑️ ရေအလဟဿမဖြစ်ဘဲစနစ်တကျသုံးစွဲနိုင်ခြင်း
☑️ သွင်းကုန်(ရေ (သို့)အာဟာရရည်) ကုန်ကျစရိတ်သက်သာစေခြင်း
☑️ တိုင်းတာချက်များကိုအလွယ်တကူဖုန်းမှလှမ်းကြည့်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။
ရေအစက်ချစိုက်ပျိုးနည်းအတွက်ထိန်းချုပ်စက်မှာပါဝင်တဲ့ပစ္စည်းတွေကတော့ ထိန်းချုပ်စက်၊ရေအစက်ချခေါင်း၊အပူဒဏ်ခံပိုက်(PEပိုက်)၊ရေတင်စက်(Pump)၊ပိုက်သေး(Spaghettiပိုက်)တို့ဖြစ်ပါတယ်။
စိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုရင်တော့ စျေးနှုန်းကတော့ ထိန်းချုပ်စက်တစ်လုံးကို (၂၅၀၀၀၀) ကျပ်နှင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။အခြားလိုအပ်တဲ့ပစ္စည်းတွေကတော့လူကြီးမင်းတို့ရဲ့စိုက်ခင်းအကျယ်အဝန်း၊အပင်အရေအတွက်ပေါ်မူတည်ပြီးကျသင့်မှာဖြစ်ပါတယ်။ စက်ဝယ်ယူပြီးတပ်ဆင်မည်ဆိုပါကဝန်ဆောင်ခ၂၀၀၀၀ကျပ်ကျသင့်မှာဖြစ်ပါတယ်။စိတ်ဝင်စားသူများအနေဖြင့်အခြားသောအကြောင်းအရာများထပ်မံသိရှိလိုပါကpage 📩page chat boxတွင်လည်းကောင်း၊အောက်ပါ📞ဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
ဆက်သွယ်ရန်လိပ်စာ
Hydro Plant Co.,Ltd
ဖုန်း – 09766050139, 09450043755
Royal River View Condo ၊(၁၀)လွှာ ၊ လမ်း(၃၀)နှင့်ကုန်သည်လမ်းထောင့်၊ရန်ကုန်။
[Zawgyi]
Hydro Plant မွ
☑️ လူအင်အားသက်သာခြင်း
ဆက်သွယ်ရန်လိပ်စာ
Hydro Plant Co.,Ltd
#HydroPlant
#drip_irrigation
#control_system
Leave a Reply